အကူအညီ
သိလိုတာလေးတွေ၊
ဒီမှာ ဖြေပေးထားပါတယ်။
App မသုံးခင် သိထားသင့်တဲ့ အချက်များ။

Green QR ကို ဘာအတွက် သုံးရတာလဲ။
ပြည်ပလုပ်သားတွေရဲ့ လွှဲပို့ငွေကို တစ်ဦးချင်း မှတ်တမ်းတင်ပြီး စာရင်းရှင်းလင်းဖို့ ဖြစ်ပါတယ်။ ငွေလွှဲပို့ခြင်းကိုတော့ မိမိရွေးချယ်ထားတဲ့ ငွေလွှဲလုပ်ငန်းက ဆောင်ရွက်ပေးပါတယ်။
စုပေါင်းငွေလွှဲတာကို စာရင်းသွင်းလို့ရလား။
ရပါတယ်။ ဘယ်သူက ဘယ်သူ့ဆီ ဘယ်လောက်လွှဲတယ်ဆိုတာ တစ်ကြောင်းစီ စာရင်းသွင်းပြီး စုစုပေါင်းပမာဏက လွှဲပို့ထားတဲ့ပမာဏနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးပါ။
QR မထုတ်ခင် ဘာတွေ စစ်ရမလဲ။
ပို့သူရဲ့ ကတ်အချက်အလက်၊ လက်ခံသူရဲ့ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်၊ ငွေကြေးနဲ့ စုစုပေါင်းပမာဏတို့ကို စစ်ဆေးပါ။ App မှာ ဖော်ပြထားတဲ့ QR သက်တမ်းအတွင်း အသုံးပြုပါ။
စာရင်းမှားရင် ပြင်လို့ရလား။
လမ်းညွှန်အရ ငွေမထုတ်ရသေးတဲ့ စာရင်းတွေကို ပြန်ပြင်နိုင်ပါတယ်။ ငွေထုတ်ပြီးတဲ့ QR တွေကိုတော့ မှတ်တမ်းအဖြစ် သိမ်းထားတာကြောင့် ပြင်ခြင်း၊ ဖျက်ခြင်း မပြုလုပ်နိုင်ပါ။
ဒီ Website မှာ ငွေလွှဲစာရင်း လုပ်ရမှာလား။
ပို့သူ၊ လက်ခံသူထည့်ခြင်း၊ ငွေလွှဲစာရင်းပြုလုပ်ခြင်းနဲ့ QR ထုတ်ခြင်းကို Green QR Mobile App မှာ ဆောင်ရွက်ရမှာပါ။ ဒီ Website က အသုံးပြုပုံကို မိတ်ဆက်ရှင်းပြပေးထားတာ ဖြစ်ပါတယ်။
