စာရင်းတွေ ရှင်းလင်းဖို့၊
မိသားစုနဲ့ ပိုနီးစပ်ဖို့။
ပို့သူ၊ လက်ခံသူ၊ တော်စပ်ပုံ၊ ရည်ရွယ်ချက်၊ ငွေကြေးနှင့် ငွေပမာဏကို တစ်နေရာတည်းမှာ မှတ်တမ်းတင်ပါ။
Green QRFRMS · REMITTANCE RECORDSလွှဲပို့ငွေတိုင်းအတွက် တိကျတဲ့ မှတ်တမ်း။ ပေးပို့သူ၊ လက်ခံသူနှင့် ငွေပမာဏတွေကို Mobile App တစ်ခုတည်းမှာ စနစ်တကျ စာရင်းပြုစုလိုက်ပါ။

ပေးပို့သူတိုင်းအတွက် ကိုယ်ပိုင်လွှဲပို့ငွေစာရင်း
အတူတကွလွှဲပို့၊ တစ်ဦးချင်း စာရင်းခွဲပြ
စာရင်းအချက်အလက်များကို QR ဖြင့် စိစစ်
ပို့သူမှ QR အထိ တစ်နေရာတည်းမှာ စီမံ
စုပေါင်းပြီး ငွေလွှဲပို့တဲ့အခါမှာလည်း ဘယ်သူက ဘယ်သူ့ဆီ ဘယ်လောက်ပေးပို့တယ်ဆိုတာ တစ်ဦးချင်း ရှင်းလင်းစွာ ဖော်ပြနိုင်ဖို့ပါ။
ပို့သူ၊ လက်ခံသူ၊ တော်စပ်ပုံ၊ ရည်ရွယ်ချက်၊ ငွေကြေးနှင့် ငွေပမာဏကို တစ်နေရာတည်းမှာ မှတ်တမ်းတင်ပါ။
မိမိအဆင်ပြေတဲ့ တရားဝင်ငွေလွှဲလုပ်ငန်းကို အသုံးပြုပြီး လွှဲပို့မှုကို Green QR မှာ စာရင်းပြုစုနိုင်ပါတယ်။
အတူတကွ ငွေလွှဲပို့ထားပေမယ့် တစ်ဦးချင်း ပေးပို့ငွေပမာဏကို သီးခြားစာရင်းခွဲပြနိုင်ပါတယ်။
အမည်၊ ရောက်ရှိနေတဲ့နိုင်ငံနှင့် Passport / CI / OWIC အချက်အလက်တို့ကို ဖြည့်သွင်းပါ။
ငွေလက်ခံသူရဲ့ အမည်၊ မှတ်ပုံတင်နှင့် ဖုန်းနံပါတ်တို့ကို မှန်ကန်စွာ ဖြည့်သွင်းပါ။
ပို့သူနှင့် လက်ခံသူကို ရွေးပြီး တော်စပ်ပုံ၊ ရည်ရွယ်ချက်၊ ငွေကြေးနှင့် ပမာဏ ထည့်သွင်းပါ။
စုစုပေါင်းပမာဏကို စစ်ဆေးပြီး QR ထုတ်ပါ။ ဘဏ် သို့မဟုတ် ငွေထုတ်ကောင်တာမှာ ပြသ၍ စိစစ်မှုခံယူပါ။
ငွေထုတ်ယူဖို့ လိုအပ်တဲ့ အချက်အလက်နဲ့
အထောက်အထားတွေ ယူဆောင်လာပါ။
QR နဲ့ လိုအပ်တဲ့ အချက်အလက်တွေ ပြသပြီး
ငွေထုတ်ယူရုံပါပဲ။
App မသုံးခင် သိထားသင့်တဲ့ အချက်များ။

ပြည်ပလုပ်သားတွေရဲ့ လွှဲပို့ငွေကို တစ်ဦးချင်း မှတ်တမ်းတင်ပြီး စာရင်းရှင်းလင်းဖို့ ဖြစ်ပါတယ်။ ငွေလွှဲပို့ခြင်းကိုတော့ မိမိရွေးချယ်ထားတဲ့ ငွေလွှဲလုပ်ငန်းက ဆောင်ရွက်ပေးပါတယ်။
ရပါတယ်။ ဘယ်သူက ဘယ်သူ့ဆီ ဘယ်လောက်လွှဲတယ်ဆိုတာ တစ်ကြောင်းစီ စာရင်းသွင်းပြီး စုစုပေါင်းပမာဏက လွှဲပို့ထားတဲ့ပမာဏနဲ့ ကိုက်ညီမှုရှိမရှိ စစ်ဆေးပါ။
ပို့သူရဲ့ ကတ်အချက်အလက်၊ လက်ခံသူရဲ့ မှတ်ပုံတင်နဲ့ ဖုန်းနံပါတ်၊ ငွေကြေးနဲ့ စုစုပေါင်းပမာဏတို့ကို စစ်ဆေးပါ။ App မှာ ဖော်ပြထားတဲ့ QR သက်တမ်းအတွင်း အသုံးပြုပါ။
လမ်းညွှန်အရ ငွေမထုတ်ရသေးတဲ့ စာရင်းတွေကို ပြန်ပြင်နိုင်ပါတယ်။ ငွေထုတ်ပြီးတဲ့ QR တွေကိုတော့ မှတ်တမ်းအဖြစ် သိမ်းထားတာကြောင့် ပြင်ခြင်း၊ ဖျက်ခြင်း မပြုလုပ်နိုင်ပါ။
ပို့သူ၊ လက်ခံသူထည့်ခြင်း၊ ငွေလွှဲစာရင်းပြုလုပ်ခြင်းနဲ့ QR ထုတ်ခြင်းကို Green QR Mobile App မှာ ဆောင်ရွက်ရမှာပါ။ ဒီ Website က အသုံးပြုပုံကို မိတ်ဆက်ရှင်းပြပေးထားတာ ဖြစ်ပါတယ်။
Green QR Mobile App နဲ့ လွှဲပို့ငွေစာရင်းတွေကို စနစ်တကျ စီမံလိုက်ပါ။
Green QRMOBILE APPLICATIONမေးခွန်းနဲ့ အဖြေတွေကြည့်ဖို့ နှိပ်ပါနော်။
